ဘောလုံးတိုက်ရိုက်ကွန်မန့်မှာ ဘာတွေပါလဲ ကြည့်လိုက်ပါ
ပွဲတစ်ပွဲစတာနဲ့ ကွင်းထဲက အခြေအနေတွေကို စာသားနဲ့ အချိန်နဲ့တစ်ပြေးညီ တင်ပေးတယ်။ ဂိုးသွင်းချိန်၊ အဝါကတ်၊ အနီကတ်၊ ကစားသမားအပြောင်းအလဲ၊ ဒဏ်ကန်၊ ထောင့်ကန် စတာတွေအကုန် မြန်မာလို ဖတ်ရတယ်။ ပရီးမီးယားလိဂ်၊ လာလီဂါ၊ ဘွန်ဒက်စလီဂါ၊ ချန်ပီယံလိဂ် အပါအဝင် ကမ္ဘာ့ထိပ်တန်းလိဂ်ပွဲတွေကို ကာမာထားတယ်။ ပွဲမစခင် ဆန့်ကျင်ဘက်အသင်းနှစ်သင်းရဲ့ လိုင်းအပ်၊ ပုံစံ၊ ဒဏ်ရာရကစားသမားစာရင်း စတာတွေပါ ကြိုတင်ဖော်ပြပေးတယ်။ ကွန်မန့်တွေက ပွဲပြီးတဲ့အထိ ရပ်မသွားဘဲ ဆက်တိုက်အပ်ဒိတ်ဖြစ်နေတယ်။